Friday, June 24, 2011

How and Why

ဟိုးတလောက စာပေဟောပြောပွဲ သွားနားထောင်တုံးက ဆရာဦးအောင်သင်း ပြောသွားတဲ့ အထဲမှာ အမှတ်ရတာ လေးတစ်ခုရှိတယ်။ သူက ကွန်မြူနစ်ဝါဒ အကြောင်းပြောရင်းနဲ့ မက်စ် ၀ါဒရဲ့ အီကွေးရှင်းကို ပြောသွားတယ်။

သဘာဝ+အလုပ်=တန်ဖိုး

အဲဒီတော့ သဘာဝဆိုတာ ယေဘူယျအားဖြင့် သူ့ဟာသူရှိနေတဲ့ဟာ။ အဲဒါကို အလုပ်နဲ့ တွဲလိုက်မှ တန်ဖိုးရှိတယ် တယ်။ အဲဒီ အခြေခံပေါ်မူတည်ပြီး တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့တဲ့ ကွန်မြူနစ် ၀ါဒ ဆိုတာကြီး ပေါ်လာတာတဲ့။ ဥပမာကတော့ သူ့ဟာသူရှိနေတဲ့ ရွံ့ ဆိုတာကို လုပ်အားနဲ့ ပေါင်းပြီး လောက်စာ လုံးလုပ်လိုက်ရင် တန်ဖိုးရှိသွားရောတဲ့။ ဆရာက ဆက်ပြောသေးတယ်။ ဒါပေမယ့် ကွန်မြူနစ်ဝါဒ ကျဆုံးသွားတာ အရင်းရှင်တွေကို လျှော့တွက်လို့တဲ့။

အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်ဥာဏ်မှီသလောက် စဉ်းစားကြည့်တာတော့ တစ်ခုခုလိုနေသလိုပဲ။ ကျွန်တော့ အနေနဲ့ဆိုရင်တော့ ဒီလိုပြောချင်တယ်ဗျ။

သဘာဝ+လုပ်အား+ပညာ=တန်ဖိုး

ဥပမာဗျာ သူ့ဟာသူရှိနေတဲ့ ရွံ့ကို လောက်စာလုံးလုပ်ရင် လောက်စာလုံးတန်ဖိုးပဲရလိမ့်မယ်။ တကယ်လို့ ပန်းပု ပညာရှင် တစ်ယောက်က နတ်သမီးရုပ်ကလေး လုပ်လိုက်ရင် ဒေါ်လာ ထောင်ပေါင်းများစွာလည်း တန်သွားနိုင်တယ်။ အဲဒါ ပညာပေါင်းလိုက်လို့ပဲ။ အခုခေတ်ကြီးက ပညာခေတ်ကြီးလို့လည်း ဆိုကြတယ်ဗျ။ ဒါကြောင့် လုပ်အားတစ်ခုထဲနဲ့ မရတော့ဘူး။ ပညာဆိုတာ ပေါင်းမှကို ရမယ်ဗျ။

အဲဒီတော့ တန်ဖိုးဆိုတာကို အလုပ်သမားကရသင့်တယ်ဆိုရင် ပညာနဲ့ လုပ်တဲ့ အလုပ်သမားက ပိုရသင့်တာပေါ့။ How ကိုသိတဲ့ သူကက အလုပ်သမား။ Why ကိုသိတာ ပညာအလုပ်သမားဗျ။ စကားပုံ တစ်ခုတောင်ရှိသေးတယ်။

ွှThe man who knows 'How' will get a job. The man who knows 'Why' will be his boss. တဲ့ဗျ။

နေရာတိုင်းမှာအဲလိုပဲ။ ဘယ်လိုလုပ်ရတယ်ဆိုတာလည်း အရေးကြီးတယ်။ ဘာကြောင့် အဲလိုလုပ်ရတယ် ဆိုတာ သိတဲ့သူက ပိုအရေးကြီးတယ်ဗျ။

အဲဒီတော့ဗျာ ကျွန်တော်တို့တွေ အနေတဲ့လည်း How အဆင့်မှာ ရပ်မနေပဲ Why အဆင့်ကို တက်မှ ဖြစ်မယ်ဗျို့။ အခုဆိုရင် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ ရွှေတော်တော်များများက How တွေပဲလုပ် နေကြတာ။ ကျွန်တော်တို့ ကိုကျွန်တော်တို့ Why အဆင့်ကို တက်နိုင်အောင် ကြိုးစားမှ ဖြစ်မယ်ဗျို့။ မဟုတ်ရင်တော့ သူများ လက်အောက်မှာပဲ ခိုင်းတာလုပ်နေရမှာ။ ကျွန်တော်တို့နိုင်ငံလည်း ကမ္ဘာ့ အဆင့်မှီဖို့ ဝေးနေဦးမှာပဲဗျာ။

June 2011
မိုးတိမ်ညို

0 comments:

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP