Saturday, November 5, 2011

မြန်မာနိုင်ငံ ဓါတ်ပုံများ



၁) ဂေါ်ဖီထုတ်လှည်း
တောင်ကြီးဘက်က လမ်းတစ်နေရာမှာပေါ့။ လှည်းပေါ်က ဂေါ်ဖီထုတ်တွေကို ထော်လာဂျီပေါ်ပြောင်းတင် နေတာ။ ဘယ်ကို ပို့မလို့လဲတော့ မသိဘူး။ ကျေးလက် မြင်ကွင်းလေးက စိတ်ကို လတ်ဆတ်သွားစေတယ်ဗျ။

၂) အင်းလေးက ရွှေ့လျှား ဘုရားပုလ္လင်
ကဲ ကျွန်တော်တို့ မြန်မာတွေ ဘယ်လောက် နည်းပညာကောင်းလိုက်သလဲ။ ဘုရားပုလ္လင်တောင်မှ ဆိုင်ကယ် ဘီးနဲ့။ အလွယ်တကူ ရွှေ့လို့ရတာပေါ့ဗျ။ ဘယ်သူ ဒီဇိုင်းလုပ်တာလဲတော့ မသိဘူး။ တော်ပါပေ့။

၃) ဟိုင်းဝေးလမ်းက ပလောင်ဆိုင်
တောင်ကြီးသွားတဲ့ လမ်းက ဆိုင်တစ်ဆိုင်ပေါ့။ နိုင်ငံခြားက ဟိုင်းဝေးလမ်းဆိုင်တွေထက် အပုံကြီးသာတယ်။ ပင်ယင်းမှန် လက်ဖက်ခြောက်နဲ့ ရှမ်းလက်ဆောင်ရနိုင်ပါသည်တဲ့။ ၀ယ်ချင်စရာလေး။ ချစ်စရာဆိုင်လေးပေါ့။

၎) တောင်ကြီး မြို့ အထွက် တစ်နေရာ
ဒါကတော့ တောင်ကြီးမြို့အထွက် တစ်နေရာဗျ။ ရှု့ခင်းလေးတော်တော်လှလို့။ အိမ်လေးတွေကလည်း ချစ်စရာ။ အဲဒီမှာ များသောအားဖြင့် အိမ်တွေက ဗြုံးအုတ်လို့ ခေါ်တဲ့ အုတ်ခဲ အဖြူရောင်နဲ့ ဆောက်ထားတာ။ နေချင်စရာလေးတွေပေါ့။

၅) သတ္တ၀ါနဲ့ လက်နက်နဲ့ မမျှ
ကြည့်ပါဦးဗျာ။ တောင်ကြီးက ကားဂိတ်တစ်ခုမှာ။ ကားလေးပေါ်မှာတင်ထားတာ။ weight ကတော့ ဘယ်လောက်ရှိ မလဲမသိဘူး။ volume ကတော့ တော်တော်ကြီးတာပဲ။ ဒီပုံစံနဲ့ တောင်တက် တောင်ဆင်းတွေ သွားနေတာ။ အန္တရာယ်တော့ တော်တော်များတယ်။ အာဆီယံ စံညွှန်းနဲ့ ကားတွေ ပစ္စည်းတင်ရတာဆို။ ဒါလည်း အာဆီယံ စံညွှန်းလားတော့ မသိဘူး။


၆) ဂလိုဘယ် စားသောက်ဆိုင်

ဂလိုဘယ်လိုက်ဆေးရှင်း ခေတ်ကြီးမှာ ဒီဆိုင်လောက် ဂလိုဘယ်ကျတာ ရှိဦးမလား။ ကြည့်လေ။ အနောက်အတိုင်း အစားအစာ၊ တရုတ်အစားအစာ၊ ကုလားစာ၊ ဗမာစာ အကုန်ရတယ်။ တောင်ကြီးမှာ ရိုက်ထားတာ။

၇) ကင်မရာမန်း လား ပအို့ဝ် စစ်သားတွေလား

ဒီပုံကတော့ တောင်ကြီးနဲ့ လွိုင်လင်ကြားမှာရှိတဲ့ ထန့်စန်းဂူဆိုတဲ့ သဘာဝ ထုံးကျောက်ဂူကို သွားတုံးက ရိုက်ထားတဲ့ပုံမှာ။ အဲဒီနယ်မြေက ပအို့ဝ် ထိန်းချုပ်နယ်မြေ။ မြန်မာစစ်တပ်မရှိဘူးတဲ့။ ပအို့ဝ်စစ်သားတွေ ပဲတွေ့ ရတယ်။ ကျွန်တော်ကတော့ ကြောက်နေသေးတယ်။ ဘာရယ်တော့ မဟုတ်ဘူးဗျ။ အဲလို မျိုးများများစားစား မတွေ့ဖူးလို့လေ။ ဟော နောက်လာတဲ့ အဖွဲ့ကတော့ဗျာ စစ်သားတွေကို ကင်မရာမန်း ဖြစ်အောင် လုပ်ပြစ်လိုက်တယ်။


၈) ကလောဟိုတယ်မှ ဒီဇိုင်းသစ်ကလောဟိုတယ်က အိမ်သာနဲ့ မျက်နှာသစ်တဲ့ ဗေစင်။ လူက ဘယ်နားမှာရပ်ပြီး မျက်နှာသစ်ရမလဲ မသိဘူး။ ကျွန်တော်တော့ ဥာဏ်မမှီဘူးဗျို့။ မိတ်ဆွေများ သိရင် ရှင်းပြပေးပါဦး။


November 2011
မိုးတိမ်ညို

3 comments:

ချော(အစိမ်းရောင်လွင်ပြင်) November 6, 2011 at 12:23 PM  

အိမ်သာပေါ်တက်ထိုင်ပြီး မျက်နှာသစ်လေ
တစ်ချက်ခုတ် နှစ်ချက်ပြတ်...း)
တောင်ကြီးဘက်တစ်ဝိုက်က ရှုခင်းတွေလည်း လှတယ်နော်.. မြန်မာပြည်မှာ အသာယာဆုံးနေရာတွေထဲမှာပါတယ်..
သဘောကျတယ်.. ခရီးသွားရတာ ပျော်စရာ..
ကျွန်မလည်း တစ်လပိုင်းလောက်ဆို မြန်မာပြည်တစ်ခွင် ခရီးထွက်မလား စိတ်ကူးတယ်..
စိတ်ကူးရှိသေးတာပါ. လက်တွေ့ဖြစ်မဖြစ် မသေချာသေး..

Moe Tain Nyo November 6, 2011 at 3:16 PM  

ခရီးထွက်ရင် ဓါတ်ပုံ များများရိုက်ခဲ့နော်

Anonymous November 13, 2012 at 7:52 AM  

buy tramadol overnight delivery buy tramadol saturday delivery - tramadol legal high

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP