Monday, September 27, 2010

စင်ကာပူ ဒုတိယအကြိမ် စာပေ ဟောပြောပွဲ

် ဆရာ မောင်စိန်ဝင်း ပုတီးကုန်း
ဆရာ လယ်တွင်းသား စောချစ်
ဆရာ အော်ပီကျယ်

ဒီကနေ့ စင်ကာပူ ဒုတိယအကြိမ်စာပေ ဟောပြောပွဲကို သွားခဲ့ပါတယ်။ စာရေးဆရာတွေကတော့ ဆရာ လယ်တွင်းသား စောချစ်၊ ဆရာ မောင်စိန်ဝင်း ပုတီးကုန်းနဲ့ ဆရာ အော်ပီကျယ်တို့ပါ။
ဆရာ အော်ပီကျယ်ကိုတော့ အဓိက နားထောင်ချင်လို့ပါ။ သူ့ကာတွန်းတွေ ဟိုအရင်ကတည်းက ဖတ်ခဲ့ ဘူးပြီး အရမ်းကြိုက်ခဲ့တာလေ။
အခုလိုဒီမှာ ဟောပြောပွဲ စီစဉ်တာ တော်တော် လေးကောင်းပါတယ်။ စီစဉ်တဲ့ သူတွေကို ကျေးဇူးတင်ပါတယ် ဗျာ။ ပွဲစဉ်တစ်လျှောက်လုံးလည်း အဆင်ပြေပါတယ်။ အဲ တစ်ခုပဲ ရှိတယ်။ အလယ်လူလျှောက်လမ်း မှာ ထိုင်မိလို့ ရှေ့က လူတွေ တစ်ချိန်လုံး ဖြတ်လျှောက်လျှောက်နေလို့ စိတ်ညစ်ရတာ တစ်ခုပဲ။ လူတော်တော် များများ စိတ်ဝင်တစား လာကြတယ်ဗျ။ စီစဉ်တဲ့ သူတွေ ပြောတာတော့ လက်မှတ် ထောင်ကျော် ရောင်း ရဆိုပဲ။ အဲ ထူးဆန်းတာ ရှိသေးဗျာ။ အဲဒီ အထဲမှာ လာထိုင်ပြီး ဖုန်းနဲ့ Game ဆော့နေတဲ့ သူတစ်ယောက် တွေ့လို့။ ထူးဆန်းပါပေ့ ဆရာတွတ်ရယ် လို့ ပြောလိုက်ချင်ပါဘိဗျာ။
ကျွန်တော့် စိတ်ထဲ စိတ်မကောင်း ဖြစ်တာ တစ်ခုကြုံလိုက်ရသေးတယ်။ ဆရာ လယ်တွင်းသား စောချစ်က ခမ်းမကြီးကကောင်းလိုက်တာလို့ ပြောလိုက်လို့ပါ။ ဒီလိုပါ။ အဲဒီခမ်းမထဲ ၀င်ဝင်ခြင်းပဲ ကျွန်တော်နဲ့ အတူ လာတဲ့ သူငယ်ချင်းက ဒီခမ်းမက တော်တော် စုတ်တာပဲကွလို့ မှတ်ချက်ချလို့ပါပဲ။ စင်ကာပူ က စံနဲ့ ဆိုရင်တော့ ဟုတ်ပါတယ်လေ။ ခမ်းမက စပယ်ရှယ်ထဲမှာတော့ မပါဘူး။ ကော်ဇော်တောင် ခင်းထားတာ မရှိဘူး တဲ့။ သူကပြောသေးတယ်။ သူက အဲလိုပြောနေတုံး ကျွန်တော်တို့ မြန်မာနိုင်ငံက ဆရာကြီးတွေက ခမ်းမကြီးက ကောင်းလိုက်တာ လို့ ဆိုလိုက်တော့ ကျွန်တော့် စိတ်ထဲ တစ်မျိုးပဲ။
ပြီးတော့ ဆရာ မောင်စိန်ဝင်း က မီးစက်သံမကြားရတော့ မဟောတတ် တော့ဘူးကွ ဆိုတဲ့ ဟာသ က ကျွန်တော့် အတွက်တော့ သိပ်မရယ်ရဘူးဗျ။ စိတ်မကောင်း ဖြစ်သွားရလို့။
ဆရာ အော်ပီကျယ် ဟောပြောတာကို တော့ အရမ်းကြိုက်မိတယ်။ လူတော်တော် များများလည်း တော်တော် ကြိုက်ကြတယ် ထင်တယ်။ လက်ခုပ်သံ တစ်ဖြောင်းဖြောင်းပဲ။ ဆရာ့ရဲ့ ကာတွန်းလေးတွေက တော်တော် ထိမိတာကိုးဗျ။
အထူးသဖြင့် ဘစ်(စ)ကား ဥပမာကို သဘောကျတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ နေတဲ့ သူတွေက အကောင်း စားဘစ်(စ)ကားကို စီးသလိုပဲတဲ့။ ဘယ်လိုစီးစီး အချိန်တန်တော့ လိုရာခရီး ရောက်မှာပဲတဲ့။ ကျွန်တော်တို့ တွေကတော့ ချက်ပလက် ကားစုတ်စီးနေရသလိုပဲ။ လိုရာခရီးရောက်ဖို့ ဆင်းတွန်းတန် တွန်းရမယ်။ ဆွဲတန် ဆွဲရတယ်။ ငါပိုက်ဆံရှိတယ်ကွဆိုပြီး ဘစ်(စ)ကားပေါ်မှာ ဆိုဖာကြီးတင် ထိုင်နေလည်း လိုရာ မရောက်နိုင်ဘူးတဲ့။ ဆရာ့ ဥပမာလေး တော်တော် ထိပါတယ်။
ဘာပဲ ဖြစ်ဖြစ် စီစဉ်တဲ့ သူတွေကိုရော ဆရာတွေကိုပါ ကျေးဇူးတင်ပါတယ်။ နောက်လည်း နားထောင်ချင်ပါ သေးတယ်ဗျာ။
မိုးတိမ်ညို

6 comments:

Anonymous September 27, 2010 at 12:34 AM  

အသံဖိုင်သို့ ဗီဒီဖိုင် လေးဖြစ်ဖြစ် Youtubeမှာတင်ပေးရင်ကောင်းမှာ

Moe Tain Nyo September 27, 2010 at 12:36 AM  

သူတို့ video ရိုက်နေတာတော့ တွေ့တယ်။

Anonymous September 27, 2010 at 2:00 AM  

The first picture is Mg Sein Win(bateegone). Thanks for your post.Please keep on writing your thoughts.

Moe Tain Nyo September 27, 2010 at 7:25 AM  

to anonymous 2: ပြင်လိုက်ပါပြီ ကျေးဇူးပါပဲ

Rita September 27, 2010 at 8:53 AM  

သွားဖြစ်တယ်။
အားလုံးကောင်းပါတယ်။

ဆရာလယ်တွင်းသား ခန်းမကြီးအကြောင်းပြောတာ အမှတ်တမဲ့ ဖြစ်သွားတယ် ထင်တယ်။ မသိလိုက်ဘူး။

ဆရာမောင်စိန်ဝင်း မီးစက်အကြောင်းပြောတာကျ မမီလိုက်ဘူး။ ဆရာ စ ပြောနေတဲ့အချိန် ladies ထဲ ရောက်နေလို့။

3 ယောက်လုံး ပြောနေတဲ့အချိန်မှာ (အထူးသဖြင့် ဆရာစိန်ဝင်း အချိန်မှာ) တွေးမိနေတဲ့ အတွေးတစ်ခု ရှိတယ်။ သူရဲကောင်းတွေကို လက်ခုပ်တီးပေးမယ့် လူတွေကတော့ အများကြီးပဲ။ လက်ခုပ်အတီးခံမယ့် လူတော့ ဘယ်မှာနေတယ့် မသိ။ ဗမာလူမျိုးတွေက လက်ခုပ်တီးပေးစရာရှိရင်တော့ ဘယ်တော့မှ တီးဖို့ ဝန်လေးမယ့် လူမျိုးမဟုတ်ဘူး။

Moe Tain Nyo September 27, 2010 at 10:26 AM  

မရီတာကို မတွေ့ပါဘူး။ :P

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP