Thursday, March 14, 2013

ခရမ်းချဉ်သီးခင်း နှင့် သူရူးများ

အကယ်၍ လူတစ်ယောက်သည် သူ၏ အိမ်နောက်ဖက်ရှိခရမ်းချဉ်သီးခင်းအောက်တွင် ရွှေကြောရှိသည်ကို သိပြီ ဆိုပါစို့။ ထိုသူသည် ခရမ်းချဉ်သီးခင်းလေး အပျက်မခံနိုင်သဖြင့် ထိုရွှေကြောကို မတူးတော့ဟု ဆုံးဖြတ်လျှင် ထိုသူအား (ဆရာကြီးရွှေဥဒေါင်းလေဖြင့် ပြောရလျှင်) သူရူးဟု ဆိုကြပေလိမ့်မည်။

လက်ပန်တောင်းတောင် စီမံကိန်းသည်လည်း ထိုကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။ အခု ထိုစီမံကိန်း လုံးဝရပ်ဆိုင်းရေးဟု တာင်းဆိုနေသော သူတစ်ချို့ကို အံ့သြမိပါသည်။ တကယ်တောင်းဆိုသင့်တာက ထိုစီမံကိန်းကြောင့် အမှန်တကယ် နစ်နာသူတွေအတွက် မျှမျှတတဆောင်ရွက်ပေးရန်၊ ထိုစီမံကိန်းကို ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု့နည်းနိုင် သမျှအနည်းဆုံး ဖြစ်စေရန်သာ တောင်းဆိုဖို့လိုပါသည်။ 

ဥပမာ ရန်ကုန် မန္တလေး အမြန်လမ်းမဖောက်လုပ်ရာတွင် လူနေအိမ်များပါသဖြင့် ထိုအမြန်လမ်းလမ်းမ ဖောက်လုပ်ခြင်းကို ရပ်ဆိုင်းပေးပါဟု တောင်းဆိုသကဲ့သို့ပင်။

ထိုသူများသည် သူရူးများသာ ဖြစ်ပါလိမ့်မည်။


မိုးတိမ်ညို

0 comments:

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP