Saturday, November 6, 2010

ထားဝယ် ရေနက်ဆိပ်ကမ်း

ထားဝယ်ဖက်မှ ထိုင်း-အီတလီ ကုမ္မနီတစ်ခုက ရေနက်ဆိပ်ကမ်း ဆောက်မယ်လို့ ဖတ်လိုက်ရပါတယ်။ အဲဒီ ဆိပ်ကမ်းက ထိုင်းမှာရှိတဲ့ အကြီးဆုံးဆိပ်ကမ်းထက် ဆယ်ဆကြီးတယ်လို့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားတယ်ဗျ။ စက်မှု့ဇုံတွေရော လမ်းတွေရော ပါဦးမယ်လို့လည်း သိရပါတယ်။ ကျွန်တော် အနေနဲ့တော့ အဲဒီကိစ္စကို တော်တော်ဝမ်းသာမိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒေသတွင်းတိုးတက်နိုင်တဲ့ အခွင့်အလမ်းတစ်ခုလို့ မြင်ပါတယ်။ အဲဒီဘက်ကလူတွေရော နိုင်ငံအတွင်းကလူတွေရော အလုပ်အကိုင် စီးပွားရေး အခွင့်အလမ်းတွေ အများကြီးပေါ်လာနိုင်တယ်ဗျ။ နိုင်ငံတကာနဲ့ လည်းအဆက်အသွယ်ပိုများလာ တာပေါ့ဗျာ။ သဘောင်္တွေလည်း မလက်ကာ ရေလက်ကြားကို ဖြတ်စရာမလိုတော့ပဲနဲ့ အရှေ့ဖက်နိုင်ငံတွေကို ကုန်စည်ပို့လို့ရလာတာပေါ့။ ဒါက ကျွန်တော်သိတဲ့ အချက်တွေ။

ကျွန်တော်မသိတဲ့ အချက်တွေလည်း ရှိသေးတယ်ဗျ။ Google Earth မှာကြည့်လိုက်တော့ ထားဝယ်ကော့သောင်း အောက်ဖက်နည်းနည်းဆက်ဆင်း လိုက်ရင် ထိုင်းနိုင်ငံ ပိုင်တဲ့ နယ်မြေတွေ အများကြီး ရှိတယ်ဗျ။

မြန်မာဘာသာ သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရသေးတယ်ဗျ။ ဒီလိုလာဆောက်တဲ့ အတွက် ဒေသခံတွေမှာ ဆုံးရှုံးမှု့တွေ ဖြစ်ပေါ်နိုင်တဲ့ အကြောင်း၊ ရွာတွေဖယ်ရမယ့် အကြောင်းရေးထားတာဗျ။ ဟုတ်ပါတယ်။ အစိုးရ အာဏာပိုင်တွေက စနစ်တကျ မလုပ်ဘူး ဆိုရင်တော့ အနည်းနဲ့ အများဆုံးရှုံးမှု့တော့ ရှိမှာပါပဲ။ ဒါပေမယ့် နောက်ပေါ်လာမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ တခြားစီးပွားရေးအခွင့် အလမ်းတွေက ပိုများမယ်လို့ ထင်တာပါပဲ။ အဲဒီ သတင်းရေးသူရဲ့ ရည်ရွယ်ချက်ကို ဥာဏ်မမှီပါဘူးဗျာ။ ကနောင်မင်းသား ရေမြုတ်ဗုံး စမ်းသတ်တော့ ငါးတွေသေတယ်ဆိုပြီး တားသလိုများ ဖြစ်နေလားမသိဘူး။

ကျွန်တော်သိချင်တာက ဘာဖြစ်လို့ ထိုင်းက မြန်မာနိုင်ငံဘက်မှာ အကြီးဆုံးဆိပ်ကမ်းတစ်ခုကို လာဆောက်တာလဲလို့။ မြန်မာနိုင်ငံက ဆောက်ဖို့ ကမ်းလှမ်းတာလား။ ထိုင်းတောင်ပိုင်းကမ်းခြေက မြေ၊ရေ အနေအထားအရ ရေနက်ဆိပ်ကမ်း ဆောက်လို့မရလို့လား။ ထိုင်းတောင်ပိုင်းက မလုံခြုံလို့လား။ တခြားအကြောင်း တစ်ခုခုရှိလို့လား။ အဲဒါနဲ့ ပတ်သက်မယ့် ဆောင်းပါးတွေရှာကြည့် ပေမယ့် အခုအထိတော့ မတွေ့သေးဘူး။ တစ်ယောက်ယောက်သိလို့ ပြောပြပေးရင်ကောင်းမှာပဲဗျ။

သေချာတော့ မသိဘူး။ ဒါပေမယ့် ဟိုကြော်ငြာလိုပေါ့ဗျာ။ အကြံအစည်တစ်ခုခုတော့ ရှိရမယ်။

ဖတ်လိုက်ရတဲ့ ဆောင်းပါးလေးကတော့ အောက်ကလင့်မှာပါ။

http://www.businessweek.com/news/2010-11-03/italian-thai-signs-8-6-billion-myanmar-port-contract.html


နိုဝင်ဘာ ၂၀၁၀
မိုးတိမ်ညို

7 comments:

Nanda November 6, 2010 at 9:50 PM  

အဲဒီ ပရောဂျက်က သိပ်မကြာသေးခင်က ထိုင်းဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ်အတွင်း လက်မှတ်ရေးထိုးသဘောတူခဲ့တယ်လို့သိရတယ်။ တကယ်ကြီးမားပြီး မြန်မာနိုင်ငံအတွက်လဲ အကျိုးများမယ့် ပရောဂျက်ပါ။
ဘာအကြောင်းကြောင့်များ အဲဒီပရောဂျက်ကိုလုပ်ရသလဲဆိုတာတော့ ပို့စ်ထဲမှာပါတဲ့ မြေပုံကိုကြည့်ရင်ကို ရှင်းလင်းပါတယ်။ India သမုဒ္ဒရာဖက်ကနေ လာတဲ့ သင်္ဘောတွေဟာ ထိုင်းကိုရောက်ဖို့ ဟိုးတောင်ဖက်စွန်းအထိ ဝေးလံစွာဆင်းပြီးကွေ့ပတ်လာရတယ်မလား။ အဲဒါကြောင့် ခရီးကိုကျုံ့ပစ်ပြီး ထိုင်းဖက်က ကုန်စည်တွေကို ကုန်းကြောင်းကနေ တိုက်ရိုက် ထားဝယ်ဆိပ်ကမ်းကိုထွက်၊ India သမုဒ္ဒရာကနေ ခရီးကျုံ့ပြီး ကုန်တွေကို ပိုမိုမြန်ဆန် သက်သာစွာ ပို့နိုင်ပါလိမ့်မယ်။ ပရောဂျက်ထဲမှာ The project will include a coal-fired power plant, an industrial center, oil and gas pipelines and an eight-lane highway, according to Thailand’s National Economic and Social Development Board. It may benefit automakers and petrochemical companies looking to expand in the region.. ဆိုတော့ ရှစ်လမ်းသွား ကားလမ်းကြီး ပါဝင်နေတာ ခုနက ပြောတာကို အားဖြည့်ပေးနေတယ်။ စင်ကာပူအတွက်ကတော့ ဒီပရောဂျက်ဟာ အန္တရာယ်ပဲ။ ဒီထက်ပိုပြီး အခြား မဟာဗျူဟာကျတဲ့ အကြောင်းအရာတွေလဲရှိချင်ရင် ရှိမှာပေါ့လေ။

Nanda November 6, 2010 at 10:05 PM  

ကိုမိုးတိမ် မေးထားတာကို ထည့်ဆွေးနွေးဖို့ မေ့သွားတယ်။
ထားဝယ်ဆိပ်ကမ်းနေရာက ဘန်ကောက်ရဲ့ အနောက်ဖက် ကီလို ၁၈၀ကျော်မှာပဲရှိတယ်လေ။ ထိုင်းရဲ့ ဗဟိုချက်ချာ အဓိက စက်မှုဇုံတွေရှိတဲ့ နေရာနဲ့ ထားဝယ်က ထိုင်းတောင်ဖက်ခြမ်းက India ocean နဲ့ ထိစပ်တဲ့နေရာထက် ပိုနီးနေတယ်။ နောက်တစ်ချက်က ထိုင်းတောင်ပိုင်းဟာ တည်ငြိမ်မှုနည်းတယ်။ မလေးဖက်နဲ့ အဆက်သွယ်ချိတ်ဆက် ရှိတဲ့ မွတ်ဆလင် ခွဲထွက်ရေးလက်နက်ကိုင် အဖွဲ့တွေရှိတယ်။ နောက်တစ်ချက်က ထားဝယ်ကမ်းလွန် ရတနာ၊ ရဲတံခွန် ဂတ်စ် ထုတ်လုပ်ရေး ပရောဂျက်တွေကနေ ဂတ်စ် အဓိက သွယ်ယူနေတာကလဲ ထိုင်းပဲလေ။ ဒါတွေက အဲဒီ ထားဝယ်ဆိပ်ကမ်းပရောဂျက်ဖြစ်လာရတဲ့ အဓိက ကျတဲ့ အကြောင်းရင်းပဲ။

Moe Tain Nyo November 6, 2010 at 10:18 PM  

ကိုနန္ဒရေ အခုလို သေသေချာချာရှင်းပြတဲ့ အတွက် ကျေးဇူးပဲဗျို့။ ကျွန်တော်ကတော့ အဲဒီ စီမံကိန်းကို တော်တော် စိတ်ဝင်စားတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် တော်တော် အကျိုးများမယ်ထင်လို့ဗျ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ရော ဒေသတွင်းပါ တော်တော် ကောင်းနိုင်တယ်ဗျ။

Anonymous November 9, 2010 at 11:52 AM  

အဲဒီ Project ဟာ အရင်ဦးနေ၀င်း လက်ထက်ကတဲက ရှိဘူးပြီးသား စင်ကာပူက လီကြီးက ဦးနေ၀င်းကို ပြေးပြီး ကျွန်တော်တို့တိုင်းပြည်တက်သစ်စလေး ငဲ့ညှာပါဦးလို့ တောင်းပန်လို့ ဦးနေ၀င်းက နောက်ဆုတ်ခဲ့တယ်လို့ ကြားဘူးတယ် ... နောက်ဆုတ်တဲ့အတွက် စင်ကာပူမှာ အခုချိန်ထိ ဦးနေ၀င်းပိုင် အိမ်တွေရှိတယ်လို့ ဆိုတယ် ...

Anonymous January 20, 2011 at 12:52 AM  

ဒီသတင်းကို ကျွန်တော်လဲကြားမိပါတယ်ဗျာ...သိချင်လို့  net ပေါ်မှာမွှေနှောက်ရှာဖွေတာ မတွေ့ ပါဘူး ။ မထင်မှတ်ပဲဒီမှာတွေ့ ရတာ အတော်ဝမ်းသာတယ်ဗျာ ..။ ကျွန်တော်က ပြည်ပကသင်္ဘောကျင်းတခုမှာအလုပ်လုပ်နေသူပါ ။ ဒီ ပရောဂျက် တာ တကယ်ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့  အတော်ဝမ်းသာရမှာပါ ။ ကျွန်တော်တို့  တတ်ထားတဲ့ ပညာတွေကို အသုံးချလို့ ရပြီပေါ့ဗျာ..သတင်းကောင်းကိုစောင့်နေတယ်ဗျာ...ကိုမိုးတိမ်ကိုရော၊ကို nanda ကိုပါ ကျေးဇူးတင်တယ်ဗျာ

မောင်ရေခဲ January 20, 2011 at 1:09 AM  

အားလုံးကိုကျေးဇူးဗျို့ ............ ဖြစ်မြောက်ပါစေလို့ ဆုတောင်းတဲ့ အထဲ ကျွန်တော်လဲပါတယ်..အလုပ်အကိုင်အခွင့်အလမ်းတွေရနိုင်မယ်ထင်တာပဲ

Anonymous December 18, 2012 at 12:08 AM  

ညွှန်းထားတဲ့ လင့်က ဖတ်မရတော့ပါလားဗျာ.. ဘာတွေ လှည့်ကြပြန်ပြီလဲ မသိဘူး။

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP