Sunday, June 26, 2011

ဂေါပက Rules

ဓမ္မစေတီ ဆရာတော်ဦးကောသလ္လ ဟောတဲ့ တရားတစ်ပုဒ် ထဲမှာ ဆရာတော်ပြောတဲ့ စကားလုံးလေး တစ်လုံးကို တော်တော် သဘောကျမိပါတယ်။ သူက မဟာမြတ်မုနိဘုရား အတွင်းထဲကို မိန်းမ မ၀င်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဲဒါ ဂေါတမ ဗုဒ္ဓ ကသတ်မှတ်ခဲ့တာ မဟုတ်ဘူး။ ဂေါပကတွေက သတ်မှတ်တာ။ အဲဒါကြောင့် ဒါတွေက "ဂေါတမ Rules" မဟုတ်ဘူး။ "ဂေါပက Rules" တဲ့။ ကောင်းလိုက်တဲ့ စကားလုံးဗျာ။

ဟုတ်တယ်ဗျ။ ကျွန်တော်လည်း နေရာတော်တော်များများမှာ အဲဒီ ဂေါပက Rules တွေနဲ့ ကြည့်ပဲတွေ့နေရတယ်။ လူတော်တော်များများက ဗုဒ္ဓ ဘာသာဆိုပြီးတော့ဗျာ ဂေါတမ ဟောခဲ့တာတွေကို မလိုက်နာတာတွေ အများကြီး ပဲဗျ။ ဘာလို့လဲဆိုတော့ ဂေါတမ ဗုဒ ဟောခဲ့တာတွေတော်တော်များများက လိုက်နာဖို့ ခက်တာကိုးဗျ။ သိအောင်သင်ယူဖို့လည်း ခက်တာကိုး။ အဲဒီတော့ လွယ်တာတွေပဲ လိုက်လုပ်ကြတာလေ။ အပေါ်ယံတွေပေါ့ဗျာ။

တစ်ရက်က ကျွန်တော့် မိတ်ဆွေနိုင်ငံခြားသားတစ်ယောက်က ကျွန်တော့်ကို မေးတယ်။ သူက ဘယ်ဘာသာ မှမကိုးကွယ်တဲ့သူ။ သူကမေးတယ်။ "ငါဗုဒ္ဓ ဘာသာပြောင်းချင်တယ်။ ဘယ်လိုပြောင်းရမလဲ" တဲ့။ ဟောဗျာ တော်တော်ခက်တဲ့လူပဲဗျ။ သူမေးတဲ့ မေးခွန်းက ဟေ့ကောင် ငါဆရာဝန်က နေ အင်ဂျင်နီယာ အဖြစ် ပြောင်းချင်တယ်ကွာ။ ဘယ်လိုလုပ်ရမလဲ ဆိုသလိုပဲဗျ။ ဆိုင်းပုဒ်ပြောင်းလိုက်ရုံနဲ့ အင်ဂျင်နီယာ ဖြစ်ပါ့ မလား။ အင်ဂျင်နီယာ အတတ်ပညာတွေကို အချိန်အတိုင်းအတာ တစ်ခုအထိသင်ယူမှ အင်ဂျင်နီယာ ဖြစ်မှာ ပေါ့ဗျာ။ ဗုဒ္ဓဘာသာ ပြောင်းချင်တဲ့ သူလည်း အဲလိုပဲလေ။ ဆရာတော်ဦးကောသလ္လ ကတော့ ဟောဖူးတယ်။ နှစ်ပေါင်းနှစ်ဆယ်လောက် သင်မှဗုဒ္ဓ ဟောခဲ့တာတွေကို အတိုင်းအတာ တစ်ခုအထိ နားလည်းနိုင်မယ်တဲ့။ အဲ တစ်ခုတော့ရှိတယ်။ မှတ်ပုံတင်ကဒ်မှာ ဖြည့်ရုံပဲ ဆိုရင်တော့ ရတာပေါ့ဗျာ။ အဲလောက်ထိ အပင်ပန်းခံ စရာမလိုပါဘူး။ ဗုဒ္ဓဘာသာဆိုတာ သင်ယူမှု့ မရှိပဲနဲ့ ဘယ်တော့မှ မဖြစ်နိုင်ဘူး။ ဖြစ်ခဲ့ရင်လဲ မိရိုးဖလာ ဗုဒ္ဓဘာသာပဲ ဖြစ်မှာပဲလေ။

ဗုဒ္ဓ ဘာသာဖြစ်ချင်ရင် ဘုရား၊တရား၊သံဃာကို ကိုးကွယ်လိုက်ရင် ဖြစ်ပြီလို့ ဆိုတာကိုလည်း ကျွန်တော် သိပ်ဘ၀င်မကျချင်ဘူးဗျ။ ဗုဒ္ဓ ဘာသာဆိုတာ ဘာလဲဆိုတာ မသိပဲနဲ့ ဗုဒ္ဓဘာသာ မဖြစ်နိုင်ဘူးလေ။ ဥပမာ သစ္စာလေးပါး ဘာလဲဆိုတာ မသိတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာ ဘယ်လို ဗုဒ္ဓဘာသာဝင်မျိုးဖြစ်မလဲ။ အခု တခြားဘာသာ ၀င်တွေပြောနေကြတဲ့ ဆင်းထုကိုးကွယ်တဲ့ ဗုဒ္ဓ ဘာသာပဲ ဖြစ်တော့ မပေါ့ဗျာ။ အဓိက အိုင်ဒီယာ ကိုတော့ ယျေဘူယျ သဘောတော့ သိထားသင့်တာပေါ့ဗျာ။

အထက်မှာ ပြောခဲ့သလိုပဲလေ။ ဂေါပက Rules နဲ့ ဆိုရင်တော့ ဘာမဆိုဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အစစ်အမှန် တော့မဟုတ်နိုင်ဘူး။ ကျွန်တော်ဥပမာ တစ်ခုပြောပါရစေ။ မန္တလေးမှာနေတဲ့ ကျွန်တော့်မိတ်ဆွေ တစ်ချို့ အလွန်အေးတဲ့ မန္တလေးဆောင်းတွင်း မနက်လေးနာရီလောက်မှာ မဟာမြတ်မုနိဘုရားကြီးကို သွားပြီး မျက်နှာသစ်တော်ရေ သွားယူပါသတဲ့။ အဲ ယူတယ်လို့လည်း ပြောလို့မရဘူး။ ၀ယ်ရတာ။ အသွားအပြန် နှစ်နာရီ လောက်ကြာပါတယ်တဲ့ဗျာ။ အဲလိုမလုပ်ပဲ နှစ်နာရီလောက် တရားထိုင်လိုက် ဒါမှ မဟုတ်ရင် တရားသဘောတရား စာတစ်ခုခုကို လေ့လာလိုက်ရင် ပိုအကျိုးရှိမလား လို့ တွေးမိပါတယ်။ လမ်းကြောင်း လွဲနေတာကို ဆိုလိုချင်တာပါ။ တစ်ခုတော့ရှိတယ်။ တရားထိုင်ရတာ၊ တရားသဘော လေ့လာ ရတာပိုခက်တာကိုးဗျ။ ဘုရားကြီးသွားပြီး မျက်နှာသစ်တော်ရေ၀ယ်ရတာက လွယ်တာကိုး။ ခွင့်လွတ်ပါတယ်ဗျာ။ လွယ်တာသာ လုပ်ကြပါ။

အဲလိုပြောလို့ ဆင်းထုတော်တွေ စေတီတော်တွေ မလိုဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဒါတွေလည်း လိုအပ်တယ်ဗျ။ ဆင်းထုရှေ့မှာ၊ ငြိမ်းချမ်းမှု့တွေ အပြည့်ရှိတဲ့ စေတီတွေမှာတရားထိုင်ရတာ လမ်းဘေး ပလက်ဖောင်းမှာ တရားထိုင်ရတာနဲ့တော့ ဘယ်တူပါ့မလဲနော်။ အတွင်းစိတ်က အရေးအကြီးဆုံးဆိုပေမယ့် ဘုရားတောင်မှ နန်းတော်ထဲနေရင် ကျင့်ကြံဖို့ ခက်ခဲလို့ တောထွက်ရသေးတာပဲ။ ကိုယ်လုပ်မယ့် အလုပ်နဲ့ ကိုက်ညီတဲ့ နေရာ၊အချိန်၊ အခြေအနေတစ်ခုလဲ လိုသေးတာကိုးဗျ။ တစ်ခုပြောဖို့ ခက်တာက သိန်းတစ်ထောင် တန်စေတီတစ်ခုတည်တာနဲ့ သိန်းတစ်ထောင်တန် ဗုဒ္ဓစာကြည့်တိုက်တစ်ခု ဖွင့်တာ ဘယ်ဟာ ပိုအကျိုးရှိမလဲ ဆိုတာပဲ။ တစ်ခုသေချာတာကတော့ စာကြည့်တိုက်ဆိုရင်တော့ လူအလာနဲမှာပဲ။ စာဖတ်ပြီးလေ့လာ ရတာခက်လဲခက် ပင်လည်းပင်ပန်းတာကိုးဗျ။ စေတီသွားရှိခိုးရတာ လွယ်တယ်လေ။ လူလည်း လေးစားတယ်လေ။

အခုဝမ်းနည်းစရာကောင်းတာက သိမြင်နှံစပ်တဲ့ ပညာရှင်တွေ၊ ဆရာတော်ကြီးတွေ ဒီလောက်ပြောဆိုဆုံးမနေ တဲ့ကြားက နာမည်ကြီးဘုရားတွေမှာ ဘိုးတော်တွေ နတ်ရုပ်တွေ ရှိနေသေးတာကိုပဲ။ ဂေါပကတွေက ဘာလို့ မဖယ်နိုင်သေးတာပဲ။ ရှင်းပါတယ်။ သူတို့အပါအ၀င် လူများစုက ဒါတွေကို ယုံကြည်ကိုးကွယ်နေကြလို့ပါပဲ။ ဘုရားဟောအရဆိုရင် ဒိဌိတွေများနေသေးတယ်ဆိုတာ အသေအချာပဲဗျို့။

ပြီးတော့ သဃန်းဝတ်လိုက်ရုံနဲ့ ဘုန်းကြီးဖြစ်ရောတဲ့လား။ တစ်ချို့ကတော့ သဃန်းကို လေးစားတာပေါ့တဲ့။ မဟုတ်တာ လုပ်ရင် အဲဒီလုပ်တဲ့သူ (ဘုန်းကြီးတု)က ခံရလိမ့်မယ်တဲ့။ ကျွန်တော်ကတော့ သိပ်လက်မခံချင်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် လူမိုက်အားပေး မလုပ်သင့်ဘူးထင်တာပဲ။ အဲလိုဖြစ်လေ ဗုဒ္ဓဘာသာ ပိုညစ်နွမ်းလေပဲ။ ဘုရား၊တရား၊သံဃာ ထဲမှာ သံဃာဆိုတာ ကိုးကွယ်ရ အခက်ဆုံးပဲ။ ရွေးခြယ်မှု့ မှန်ကန်ဖို့ အတော်အရေးကြီး တာကိုး။

ကျွန်တာ့်သဘောအရတော့ ဗုဒ္ဓဘာသာ ကိုးကွယ်တယ်ဆိုတာထက် ဗုဒ္ဓလမ်းစဉ်ကို လိုက်တယ် လို့ပြောတာ ပိုသဘောကျတယ်ဗျ။ အဲ ဂေါတမ Rules နော် ဂေါပက Rules ကိုတော့ မလိုက်လေနဲ့ ဗျို့။

26 June 2011
မိုးတိမ်ညို

ပေါ်ပင်ဘာသာရေး ဆိုတာလည်း ဖတ်နိုင်ပါတယ်။

6 comments:

Anonymous June 28, 2011 at 2:35 PM  

Totally agree

Nanda July 2, 2011 at 7:04 PM  

သဘောကျတယ်။ အမြင်ထပ်တူကျတယ်။ ဂေါပက သာသနာ ထွန်းကားလိုက်တာ ဗုဓ္ဒဘာသာလဲ လိင်ခွဲခြားတဲ့ ၀ါဒ (မဟာပုရိသ ၀ါဒ)၊ လူတန်းစားခွဲခြားတဲ့ဝါဒ၊ လူတွေကို ဘုရားကျွန်ဆိုပြီး ကမ္ဘာတည်သရွေ့ ဆွေစဉ်မျိုးဆက် forced labor လုပ်ခဲ့တဲ့ဝါဒ၊ ကိုယ့်ဘ၀ရပ်တည်ရှင်သန်ဖို့ အလုပ်လုပ်တာဟာ လောဘတွေ၊ဒေါသတွေဖြစ်လို့ မကောင်းဘူးလို့ သတ်မှတ်ကြတဲ့ဝါဒ၊ တဖက်ကကျတော့ လူဖြစ်လျှင် လူမင်းစည်းစိမ်၊ နတ်ဖြစ်လျှင် နတ်မင်းစည်းစိမ်ကို ကမ်းကုန်အောင် ခံစားစံစားပြီး ငြီးငွေ့သွားတော့မှ ဘာမှန်းတိတိကျကျ သေချာနားမလည်တဲ့ နိဗ္ဗာန်ကို ၀တ်ကြေတန်းကြေ သွားချင်ကြတဲ့ ၀ါဒ၊ ရုပ်နမ်တို့ရဲ့ မတည်မြဲခြင်း ဖြစ်ပျက်သဘောကို ဥာဏ်ပေါက်အောင် မရှုတတ်တော့ ရခဲလှတဲ့ လူ့ဘ၀ကို ဘာဖြစ်ဖြစ် အကုန် ဒုက္ခချည်းပဲ ဆိုပြီး ရမ်းသမ်း ရှုတဲ့ pessimism (အဆိုးမြင်ဝါဒ) .. ၊ ကုသိုလ်ကောင်းမှု ပြုခြင်း အမှုကို ဈေးတွက်တွက်ပြီး နောင်အမြတ်ပေါ်ဖို့ ရည်ရွယ်ပြီး ပြုလိုက်တဲ့ ၀ါဒ၊ ပြုလိုက်တဲ့ ကုသိုလ်ဟာ လူ့ဘောင် တကယ်အကျိုးပွားဖို့ ကို ဦးစားမပေးပဲ နောင်ဘ၀ကို ငွေလွှဲဖို့လောက် သဘောထားတဲ့ ၀ါဒ.. စသည်ဖြင့် ဘာမှန်းမသိ အူကြောင်းကြားဝါဒကြီးလို ဖြစ်မှန်းမသိဖြစ်လာနေပြီ။

Nanda July 2, 2011 at 7:08 PM  

(၁ခါရေးတင်ပြီး မပေါ်လို့ ဒုတိယတခါထပ်တင်လိုက်ပါတယ်။ ထပ်သွားရင် တခုပြန်ဖျက်လိုက်ပါ)

သဘောကျတယ်။ အမြင်ထပ်တူကျတယ်။ ဂေါပက သာသနာ ထွန်းကားလိုက်တာ ဗုဓ္ဒဘာသာလဲ လိင်ခွဲခြားတဲ့ ၀ါဒ (မဟာပုရိသ ၀ါဒ)၊ လူတန်းစားခွဲခြားတဲ့ဝါဒ၊ လူတွေကို ဘုရားကျွန်ဆိုပြီး ကမ္ဘာတည်သရွေ့ ဆွေစဉ်မျိုးဆက် forced labor လုပ်ခဲ့တဲ့ဝါဒ၊ ကိုယ့်ဘ၀ရပ်တည်ရှင်သန်ဖို့ အလုပ်လုပ်တာဟာ လောဘတွေ၊ဒေါသတွေဖြစ်လို့ မကောင်းဘူးလို့ သတ်မှတ်ကြတဲ့ဝါဒ၊ တဖက်ကကျတော့ လူဖြစ်လျှင် လူမင်းစည်းစိမ်၊ နတ်ဖြစ်လျှင် နတ်မင်းစည်းစိမ်ကို ကမ်းကုန်အောင် ခံစားစံစားပြီး ငြီးငွေ့သွားတော့မှ ဘာမှန်းတိတိကျကျ သေချာနားမလည်တဲ့ နိဗ္ဗာန်ကို ၀တ်ကြေတန်းကြေ သွားချင်ကြတဲ့ ၀ါဒ၊ ရုပ်နမ်တို့ရဲ့ မတည်မြဲခြင်း ဖြစ်ပျက်သဘောကို ဥာဏ်ပေါက်အောင် မရှုတတ်တော့ ရခဲလှတဲ့ လူ့ဘ၀ကို ဘာဖြစ်ဖြစ် အကုန် ဒုက္ခချည်းပဲ ဆိုပြီး ရမ်းသမ်း ရှုတဲ့ pessimism (အဆိုးမြင်ဝါဒ) .. ၊ ကုသိုလ်ကောင်းမှု ပြုခြင်း အမှုကို ဈေးတွက်တွက်ပြီး နောင်အမြတ်ပေါ်ဖို့ ရည်ရွယ်ပြီး ပြုလိုက်တဲ့ ၀ါဒ၊ ပြုလိုက်တဲ့ ကုသိုလ်ဟာ လူ့ဘောင် တကယ်အကျိုးပွားဖို့ ကို ဦးစားမပေးပဲ နောင်ဘ၀ကို ငွေလွှဲဖို့လောက် သဘောထားတဲ့ ၀ါဒ.. စသည်ဖြင့် ဘာမှန်းမသိ အူကြောင်းကြားဝါဒကြီးလို ဖြစ်မှန်းမသိဖြစ်လာနေပြီ။

Nanda July 2, 2011 at 7:54 PM  

Ko Moe Tain Nyo, I posted a comment a couple of times and it doesn't appear. Something wrong with the comment system. Could you please check?

Moe Tain Nyo July 3, 2011 at 9:27 AM  

Hi Ko Nanda, thanks for the feedback. I will check now.

Moe Tain Nyo July 3, 2011 at 9:32 AM  

Ko Nanda, ကိုနန္ဒရဲ့ ကွန့်မန့်တွေက ဘာလို့လဲ မသိဘူး Spam Inbox ထဲဝင်သွားတယ်ဗျ။ အခု Not Span လုပ်လိုက်ပြီ။

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP