Saturday, February 4, 2012

ထူးခြားတဲ့ horror movie



မိတ်ဆွေ Horror Movie စိတ်ဝင်စားပါသလား။ တစ်ချို့ကတော့ Horror Movie မကြိုက်ဖူးတဲ့ ခင်ဗျ။ ကျွန်တော်ကတော့ ဖျော်ဖြေရေး အနေနဲ့ တော်တော်ကြိုက်တယ်ဗျ။ စိတ်လှုပ်ရှားစရာ ကောင်းတယ်။ စိတ်ဝင်စား တယ်ဆိုရင်တော့ Terror Tract ဆိုတာ လေးကြည့်ကြည့်ဗျို့။ တခြားဇာတ်လမ်းတွေထက် ထူးခြားတယ်။ စိတ်ဝင် စားစရာ အတော်ကောင်းတယ်ဗျ။

ဇာတ်လမ်းကို ဒီလိုဗျ။ အိမ်ခြံမြေအကျိုးဆောင်တစ်ယောက် က လင်မယား နှစ်ယောက်ကို အိမ်လိုက်ပြနေတယ်။ သူ့ကားလေးနဲ့ပေါ့ဗျ။ သူကရှေ့ကမောင်း လင်မယား နှစ်ယောက်က နောက်က။ ပထမဆုံးအိမ်ကို ရောက်တော့ အိမ်လေးကို လျှောက်ကြည့် အိမ်က ကောင်းတယ်ပေါ့။ လင်မယားနှစ်ယောက်ကလည်း သဘောကျပါတယ်။ စကားစပ်မိရင်း အရင်ကနေတဲ့သူတွေ အကြောင်းရောက်သွားတော့ Agent မျက်နှာပျက်သွားတယ်။ လင်မယား နှစ်ယောက်က ပြောပြပါ လို့ ပူဆာတော့မှာ
စိတ်ဝင်စားစရာ ဇာတ်လမ်းကို ပြောပြတယ်။

အရင်က လင်မယားနှစ်ယောက်နေတယ်တဲ့။ တစ်ရက်တော့ ယောက်ကျားက ခရီးတစ်ခုထွက်သွားတယ်။ ထွက်သွားသွားခြင်းပဲ မိန်းမက တစ်ခြားတစ်ယောက်နဲ့ ဖောက်ပြန်ပါလေရော။ ယောက်ကျားကလည်း လည်တယ်ဗျာ။ သူ့မိန်းမဖောက်ပြန်တဲ့ သတင်းကြားလို့ ခရီးသွားချင်ယောင်ဆောင်တာ။ အဲ ကာင်းခန်း ရာက်နေတုန်းအဲဒီယောက်ကျားက သေနတ်ကြီးနဲ့ ရောက်လာပါလေရောဗျာ။ ယောက်ကျားလည်း တော်တော် စိတ်ရိုင်းဝင်သွားတာဗျ။ သူက သေနတ်နဲ့ ချိန်ပြီး သူ့မိန်းမကို ကြိုးဆွဲချခိုင်းတယ်။ ပြီးမှ ဟိုကောင်ကို ပစ်သတ်မယ်တဲ့။ တိုတိုပြောရရင် နောက်တော့ ရုန်းရင်ဆန်ခတ်ဖြစ်ပြီး ဖောက်ပြန်တဲ့ ကောင်က အဲဒီမိန်းမရဲ့ ယောက်ကျားကို သေနတ်နဲ့ ပစ်သတ်လိုက်ပါလေရော။ ပြီးတော့ သူတို့ အလောင်းကို ရေကန်ကြီးထဲ သွားပစ်ချ ကြတယ်။ ဟိုဖောက်ပြန်တဲ့သူကလည်း အဲဒီအိမ်မှာ ခဏဆက်နေနေတာပေါ့။ အဲဒီနေ့ကစပြီး မိန်းမက အိပ်မက် ဆိုးတွေ မက်တော့တယ်။ သူ့ယောက်ကျား ရေကန်ထဲက ထလာပြီး အိမ်ကို ပြန်ပြန်လာပြီး သူတို့ကို သတ်ဖို့ ကြိုးစားတယ် ဆိုတဲ့ အိပ်မက် နေ့တိုင်းမက်တော့တာပဲ။ အမြဲခြောက်ခြားနေရတာပေါ့ဗျာ။ ဒီလိုနဲ့ သူ့ယောက်ကျားရဲ့ သူငယ်ချင်းရဲက သူ့သူငယ်ချင်းပျောက်နေတာ နည်းနည်းရိပ်မိသွားတယ်။ ဖောက်ပြန်တဲ့ သူနှစ်ယောက် မေ့သွားတာက သူ့ယောက်ကျားရဲ့ ကားကို မဖျောက်ဖျက်ရသေးတာပဲ။ ဒါနဲ့ ကားကို ရေကန်ထဲ ချမယ်လုပ်တော့ ကားသော့ကမရှိဘူး။ သေသွားတဲ့ ယောက်ကျားရဲ့ အိတ်ထဲမှာ ပါသွားရော။ ဒါနဲ့ မဖြစ်ချေဘူး ဆိုပြီး ဟိုတစ်ယောက်က ရေငုတ်ပြီး အဲဒီသော့ကို သွားယူ။ မိန်းမက အိမ်မှာ စောင့်နေ။ အဲလို စောင့်နေတုန်း မိန်းမက အိမ်မက်လိုလိုဘာလိုလို နဲ့ သူ့ယောက်ကျား ရေကန်ထဲက ထလာတာသလိုလို မြင်ယောင်ပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာ ဟိုကောင်ဖြစ်နေပါလေရောတဲ့။ အဲဒါနဲ့ အဲဒီမိန်းမလဲ အဲဒီအိမ်မှာ တင်ကြိုးဆွဲချ သေသွားပါတယ်တဲ့။ ဇတ်လမ်းက ကျွန်တော်ပြောတာတက် ပိုကောင်းပါတယ်။

ဇာတ်လမ်းပြီးတော့ အိမ်ဝယ်မယ့်လင်မယား အဲဒီအိမ်ကို ဘယ်ဝယ်တော့မလဲ။ နောက်တစ်အိမ်ပြခိုင်းတာပေါ့။ Agent ကလည်း အတော်ရယ်ရတယ်။ မပြောရ မနေနိုင်နဲ့တူတယ်။ နောက်အိမ်ကိုလည်း အဲလိုပဲ။ ရာဇ၀င်ပြောပြ။ အဲလိုပြတာ သုံးအိမ်။ ဇာတ်လမ်းတိုလေး သုံးခုဗျ။ သုံးခုလုံးတော်တော်ကောင်းတယ်။ Agent ကိုလည်း သူ့Boss ကအိမ်ရောင်းရအောင် ဖုန်းနဲ့ pressure ပေးနေပြီ။

နောက်ဆုံးတော့ ဘာဖြစ်သွားလဲဆိုတော့...
စိတ်ပါရင် ဇာတ်လမ်းသာ ကြည့်လိုက်ပါတော့ဗျာ။ တကယ်ပါ။ တော်တော် ကောင်းတယ်။


မိုးတိမ်ညို

3 comments:

နေ၀သန် February 5, 2012 at 11:24 AM  

း).. horror movie လား.. တချို့တလေကို ကြိုက်တယ်.. တချို့ကိုတော့ စိတ်ညစ်တယ်... ဥပမာ Saw.. လူတွေသိပ်ကြိုက်တယ်.. ကျွန်တော်သိပ်စိတ်ညစ်တယ်... ရုပ်ရှင်ရုံထဲမှာကြည့်နေရင်းနဲ့ ကျွန်တော်တော့ ဖုန်းပဲဆော့နေလိုက်တယ်.. :D

ခင်မင်လျက်
နေ၀သန်

သိင်္ဂါကျော် February 17, 2012 at 5:11 AM  

ဒါ မကြည့်ရသေးဘူး.. ရှာကြည့်ဦးမှပဲ..
horror movie ဆိုကြိုက်တယ်.. ဒါပေမယ့် saw လို ပက်ပက်စက်စက် သတ်ဖြတ် နေတာမျိုးတော့ မကြိုက်ပါဘူး... သရဲကား ဆို ပိုကြိုက်တယ်..

mabaydar May 22, 2012 at 9:28 AM  

အဲဒိကားကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ကြည့်ဖူးတယ်... ကောင်းတယ်... Horror ကားတွေကို အရမ်းကြိုက်တဲ့အချိန်တုန်းက Horror ကားတွေဇာတ်တိုက်ကြည့်တာ... မျောက်တွေလဲပါတယ်ထင်တယ် နောက်ဇာတ်လမ်းတိုလေးတွေက... မျှပေးတာ ကျေးဇူးပါ...

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP