Sunday, October 3, 2010

ကုန်မင်းစွမ်း တရုတ် ဗုဒ္ဓ ဘာသာ ကျောင်း စင်ကာပူ


ဒီတစ်ပတ် ရုံးပိတ်ရက်တစ်ရက်မှာတော့ စင်ကာပူနိုင်ငံမှာ ရှိတဲ့ ကုန်းမင်းစွမ်း Kong Meng San Temple ကို သွားလည် ဖြစ်တဲ့ အကြောင်းလေး ဖောက်သည်ချချင်လို့ပါ။ စင်ကာပူမှာတော့ တော်တော် ကြီးတဲ့ တရုတ်ဗုဒ္ဓ ဘာသာ ကျောင်း တစ်ကျောင်း ပါ။ ဆင်းတုတော် အကြီးကြီး တစ်ဆူ ရှိတဲ့ ဘုရားကျောင်း ဆောင် တစ်ခုရှိပါတယ်။ အဲဒီ ဆင်းတုတော်ကြီးဟာ မန္တလေးက မဟာမြတ်မုနိဘုရားကြီးထက်တောင် ကြီးမယ်ထင်ပါတယ်။ အဲဒီအဆောက်အအုံရဲ့ အပေါ်ဆုံးထပ်မှာ တည်ရှိပြီး တိတ်ဆိတ်အေးချမ်းလို့ နေပါတယ်။ အဲဒီ ဆင်းထုတော်ရှိရာအခန်းမှာ အစောင့်တစ်ယောက် သာတွေ့ ရပါတယ်။ တရား ထိုင်နေကြတဲ့ သူအချို့ ကျိုးတို့ကျဲတဲတွေ့ ရပါတယ်။ ကျွန်တော် တောင်ဘုရားဆင်းတုတော် ရဲ့အေးချမ်းမနဲ့ အခန်းရဲ့ တိတ်ဆိတ် ငြိမ်သက်မှု တို့ကြောင့်အတန်ကြာ တရားထိုင်ဖြစ်ခဲ့ပါတယ်။ တရားထိုင်ဖို့နေရာလေးတွေ လည်းသေချာလုပ် ပေးထားတာတွေ့ရပါတယ်။ ပြီးတော့ တခြား လျှောက်ကြည့်စရာ ၊လေ့လာစရာနေရာတွေ လည်း အများကြီးပါ။ စင်ကာပူ မှာ သွားသင့်တဲ့ နေရာ တစ်ခုလို့ ထင်ပါတယ်။

ဒီနေရာကတော့ တရား ထိုင်လို့ အကောင်းဆုံး နေရာပါ။

ဒါက ဘုရားဆင်းထု ၁၀၀၀၀ ရှိတဲ့ ကျောင်းဆောင်ပါ
မြန်မာနိုင်ငံ မုံရွာမြို့ က သံဗု္ဓေ​ ဘုရားကို သတိရစေမှာ အသေအချာ ပါ။

ကွမ်ရင်နဲ့ အရုပ်ကလေးတွေ နောက်ကတော့ စာကြည့်တိုက်ပါ

ဒါက တခြား ကျောင်းဆောင်တစ်ခု

ဒီလိုနေရာတွေမှာ စာအုပ်တွေ အလကား ယူလို့ရပါတယ်။မဟာစည်ဆရာတော်ကြီးရဲ့ စာတွေကို ဘာသာပြန်ထားတဲ့ စာအုပ်တွေလည်း အပါအဝင်ပါ။ မြန်မာနိုင်ငံလိုဆို ဆရာတော်ဦးဇောတိက ရေးသလို ဘဝနေနည်းတွေပါဘဲ။



ပြီးတော့ အဲဒီ ကျောင်းမှာ နေ့လည်စာ သတ်သတ်လွတ်ကို နေ့စဉ် မနက် ဆယ့်တစ်နာရီ နဲ့ တစ်နာရီ ကြားမှာ စတုဒီသာ ကျွေးပါတယ်။ ပြီးတော့ အဲဒီမှာ လည်းဘာသာရေးစာအုပ်နဲ့ CD တွေလည်းဒါနပြုထားပါတယ်။

တစ်ခုတော့ ပြောရဦးမယ်။ အဲဒီနေ့က စနေနေ့ ဆိုတော့ ဘုန်းကြီးကျောင်းမှာ လူများမယ် ထင်နေတာ ထင်သလောက် မရှိပဲ Bishan MRT မှာရှိတဲ့ Shopping Mall ကတော့ လူတိုးမပေါက်အောင် စည်ကားပါသဗျာ။

သွားလည်ချင်ရင်တော့ အောက်ကလိပ်စာ အတိုင်းသွားလို့ရပါတယ်။

Kong Meng San Phor Kark See Monastery
Bright Hill Crematorium & Columbarium.., 88 Bright Hill Road, S(574117)


အောက်တိုဘာ ၂၀၁၀
မိုးတိမ်ညို


2 comments:

Anonymous October 5, 2010 at 9:02 AM  

Thanks for your information. I will go this week.
WD

မိုးယံ October 6, 2010 at 11:47 PM  

လာရောက် လည်ပတ်သွားပါတယ် ခင်ဗျာ။ ကျေးဇူးပါ

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP